မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား ဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်၁၀နာရီက မိုင်းခတ်မြို့ပေါ်ရပ်ကွက်၊ စွပ်ပလောင်း၊ ယန်းတောင်း၊ ပါဆံကျကျေးရွာများသို့ ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။