ထီးချိုင့်မြို့နယ်၊ နီကယ်ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်း

ထီးချိုင့် ဩဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မီးသတ်စခန်းမှ ဆရာ/ဒကာ ကျောင်းတိုက်ဖြစ်သော မောင်းကုန်းကျေးရွာ နီကယ်ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ ရဟန်းသံဃာတော်များအနေဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီများကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းတွင် နီကယ်ဘုန်းတော်ကြီးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်၊ ဒုဦးစီးမှူး ဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ဝတ္ထုငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။

ရဲလင်းထွန်း