တံတားဦး ဩဂုတ် ၁၇
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမ္မာန် ၊ တိုက်နယ် ဆေးရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည် ။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ ပရဟိတအဖွဲ့များပူးပေါင်း၍ တံတားဦးမြို့နယ် အတွင်းရှိ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း ၊ ဆေးမထိုးရအုပ်စု မှန်မမှန်စိစစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း ၊ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်တုန့် ပြန်ကုသပေးနိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် ဇူလိုင်လ(၃၁)ရက်နေ့မှ ယနေ့အထိ အသက်(၆၅)အထက် သက်ကြီး ဘိုးဘွား(၁၆၂၇)ဦး ၊ ဘုန်းတော်ကြီး နှင့် သီလရှင် စုစုပေါင်း(၁၃၀)ဦး ၊ စေတနာ့ရှင် ပရဟိတအဖွဲ့ဝင်(၃၉၂)ဦး ၊ အစိုးရပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၂၄)ဦး၊ နိုင်ငံဝန်ထမ်း(၅၆၇)ဦး နိုင်ငံဝန်ထမ်း မိသားစု(၂၀၈)ဦး ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၂၆)ဦး ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်း (၅၆)ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၃၆၈)ဦး စုစုပေါင်း(၃၃၉၈)ဦးတို့အား ကာကွယ် ဆေးများထိုးနှံပေးပြီး ဖြစ်ကြောင်း ပြည်သူများကိုလည်း ဆက်လက်ထိုး နှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည် ။
ရဲတင့်