ဂွ သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ဂွမြို့တွင် သံသယလူနာ (၁၅)ဦးကို စစ်ဆေးခဲ့ရာ သံသယလူနာ(၁၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်းသိရသည် ။
ပိုးတွေ့လူနာ(၁၁)ဦးမှာ ဂွမြို့နယ် ၊လောင်းကျိုးကျေးရွာမှ သံသယလူနာ (၂) ဦး ၊ရဟိုင်ကူးတို့ကျေးရွာမှ သံသယလူနာ (၂) ဦး၊ မြို့မရပ်ကွက် ၊ ဂမုန်းမြိုင် လမ်းမှ သံသယလူနာ (၂) ဦး၊ မြို့မရပ်ကွက် ၊ ပဒုမ္မလမ်း(အလယ်ရွာ)မှ သံသယလူနာ (၁) ဦး၊ မြို့မရပ်ကွက် ၊ ဦးဥတ္တမလမ်းမှ သံသယလူနာ (၁) ဦး၊ မြို့မရပ်ကွက် ၊ ချယ်ရီလမ်းမှ သံသယလူနာ (၁) ဦး၊ ရွာမရပ်ကွက် ၊ နတ်စင်လမ်းမှ သံသယလူနာ (၁) ဦး၊ ရွာမရပ်ကွက် ၊မြို့မလမ်းမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါပိုးတွေ့လူနာ များကိုပြည်သူ့ဆေးရုံ(ဂွမြို့) တွင် -(၃) ဦး ကိုဗစ်-၁၉ ကုသရေးCenter.2 (ဂွမြို့)တွင် (၆) ဦး ၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် (၂) ဦး ထားရှိကုသပေးသွားမည်ဖြစ်ပြီးယနေ့ဆေးရုံဆင်းလူနာ (၆) ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း.(၈၆) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။