အောင်မြေသာစံမြို့နယ်တွင် ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ထေရ်ကြီး ဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက အမှတ်(၁)စစ်မြေပြင်ဆေးတပ်ရင်း(နန်းတွင်း)မှ ကာကွယ်ဆေးထိုး အဖွဲ့များသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။