မော်လိုက်မြို့၌ သံဃာတော်များ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်၍ သြဂုတ်လ ၂၀ ရက်နေ့အထိ စုရပ်(၅)ခုသတ်မှတ်ကာ ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းတွင် စုရပ်(၃)ခုတို့၌ Sinopharm ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင်အညီ ထိုးနှံပေးခဲ့ကြသည်။