ကျိုက်ထို သြဂုတ် ၁၇
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေး နှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာမြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်း ကော်မတီမှ ယနေ့ နံနက် ပိုင်းကလူအသွားအလာများသည့်လမ်းဆုံများတွင်ပါးစပ်၊ နှာခေါင်း စည်းမတပ်ဆင်ဘဲသွားလာနေကြသည့် အိမ်ပြင်ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်း စည်းတပ်ဆင်ခြင်းမရှိသူများအားနှာ ခေါင်းစည်း Mask ပေးပြီး ဒဏ်ငွေ ၅၀၀ကျပ်ပေးဆောင် စေကာ ယခုတပ်စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် နှာခေါင်းစည်းMask တပ်ဆက် ခြင်းမရှိပဲ သွားလာနေသူ(၆၄)ဦးအား ဒဏ်ငွေရိုက်အရေးယူဆောင် ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။