စဉ့်ကိုင်မြို့နယ် မြတ်မင်းကြက်မွေးမြူရေးခြံရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေး

စဉ့်ကိုင် သြဂုတ် ၁၇    

                  ပြည်သူအားလုံးကျန်းမာရေး   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာ ၊ မြတ်မင်းကြက်မွေးမြူရေးခြံရှိ တာ၀န်ခံများနှင့် ၀န်ထမ်းများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါ စက်ရုံ၀င်းအတွင်းရှိ ခန်းမဆောင်တွင်   ဆောင်ရွက်ခဲ့ ကြောင်း  သိရသည်။

            အဆိုပါ  ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ၊  ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ယဉ်နွယ်မြင့်နှင့် ကျန်းမာရေး၀န်ထမ်းများက  ကျန်းမာရေး၀န်ကြီးဌာနက  ထုတ်ပြန် ထားသည့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရမည့်နည်းလမ်းများ ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး မြတ်မင်း ကြက်မွေးမြူရေး ခြံအတွင်းရှိ  တာ၀န်ခံများ၊ ၀န်ထမ်းများနှင့်  ၀န်ထမ်းမိသားစုများအား ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း  ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင်ဆေးနှင့်  ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများတစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ် ကြည့်ရှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ဆရာတော်၊  သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ နိုင်ငံ့၀န်ထမ်းများနှင့် မိသားစု ၀င်များ၊  ပညာရေးဌာနမှ  ၀န်ထမ်းများ၊    ပရဟိတအဖွဲ့၀င်များ၊ စက်ရုံ၊  အလုပ်ရုံမှ ၀န်ထမ်းများအား   မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပလိပ်တိုက်နယ် ဆေးရုံနှင့်တောမကျေးရွာရှိ   ကျောက်ဆည်တက္ကသိုလ်တို့တွင် (၃) နေရာခွဲ၍   ကိုဗစ်-၁၉ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဖြစ်ကြောင်း  သိရသည်။

 ၀င်း၀င်းသန်း