တောင်ကြီးမြို့နယ်၌ Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှု မရှိသူ (၁၁)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တောင်ကြီး မြို့နယ်၌ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာမှု ရှိ/မရှိနှင့် အိမ်အပြင်ထွက်ပါက သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ခရိုင်နှင့် မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့တို့သည် ယနေ့ညနေပိုင်း က အဖွဲ့များခွဲကာ တောင်ကြီးမြို့အတွင်း စျေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များတွင် လှည့်လည်စစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်းမလိုက်နာသူများအား အမှုဖွင့်အရေးယူဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင် နေကြသည့် အဖွဲ့အစည်းများအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားလာသည့် အတွက် သက်ဆိုင်ရာမှ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင်ပါဝင်ကြောင်း (၁၅-၇-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ မိမိတို့ဒေသအလိုက် စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရ သည်။

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်း များပေးအပ်

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီးတွင် အသုံးပြုရန် oxygen concentrator တစ်လုံး ပေးအပ်လှူဒါန်း

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင် (၁၀၀) ပြည်သူ့​​ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့နေ ဖခင်ကြီး ဦး​သောင်းလှ အမှူးထား၍ ဦး​အောင်မျိုးဆန်း+​ဒေါ်နိုင်နိုင်ဆန်း မိသားစု မှ oxygen concentrator တစ်လုံး ပေးအပ်လှူဒါန်း ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ ၊မြို့တော်ခန်းမ၌  ကျင်းပသည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm) များ ထိုးနှံပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ် နှင့် အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm)ကို ယမန်နေ့က မြို့နယ်ပြည်သူ့ ဝန်ဆောင်မှု(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အား Stay at Home မြို့အဖြစ် သတ်မှတ်ဆောင်ရွက်

ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်အား သြဂုတ်လ ၂၁ရက်နေ့မှစတင်ကာ Stay at Home မြို့အဖြစ်သတ်မှတ် ကြေညာဆောင်ရွက်ထားရှိကြောင်းသိရသည်။

မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ကာလတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ဆေးဆိုင်များအားကြပ်မတ်စစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ကာလအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဆေးဆိုင်များအား ယနေ့ နံနက်(၁၀)နာရီတွင် လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မွန်ပြည်နယ်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီ   ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်  ယနေ့နံနက် ၉ နာရီက  မော်လမြိုင်မြို့၊    ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ် ကုသပေးစဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို  ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြု ချီးမြှင့်ငွေများ  ပေးအပ်ခြင်း အခမ်းအနား တက်ရောက်သည်။

လှိုင်းဘွဲမြို့နယ် သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ မိုးစပါးစုပေါင်းမြေဩဇာကြဲပက်

အချိန်တိုအတွင်းလုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာများ နှီးနှောဖလှယ်နိုင်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်းရှိ တောင်သူဦးကျောက်လုံးပါ(၃)ဦး၏ မိုစပါးဆင်းသုခမျိုးစပါးစိုက်ခင်း(၁၅)ဧက၌ ယနေ့ နံနက် ၈ နာရီခန့်က မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲကို ကျင်းပသည်။
Subscribe to