မော်လမြိုင်ကျွန်း သြဂုတ် ၂၁
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့နေ ဖခင်ကြီး ဦးသောင်းလှ အမှူးထား၍ ဦးအောင်မျိုးဆန်း+ဒေါ်နိုင်နိုင်ဆန်း မိသားစု မှ oxygen concentrator တစ်လုံး ပေးအပ်လှူဒါန်းကြောင်း သိရသည်။
အဆိုပါ ကျပ်တစ်ဆယ့်ငါးသိန်းတန်ဖိုးရှိသော oxygen concentrator စက်တစ်လုံးအား အလှူရှင် များကိုယ်စား မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်ဆန်း ၂ လမ်းမှ ဆရာဦးသန့်ဇင်က ပေးအပ်လှူဒါန်းပြီး မြို့နယ် ကုတင်(၁၀၀)ဆေးရုံ အုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကြည်လွင်တို့မှ လက်ခံရယူသည်။
မြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ (၅၈၂)ဦး၊ ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံဆင်းသူ စုစုပေါင်း (၃၉၆) ဦး၊ ကုသဆဲအတည်ပြုလူနာ (၉၈) ဦးနှင့် ယနေ့အချိန်အထိ သေဆုံးသူ စုစုပေါင်း (၉၅)ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
သီတာအောင်