သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲ) ခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်းနှင့် နယ်မြေ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအသင့်စုဖွဲ့ထားရှိပါသည်။

အသက်၆၅နှစ်အထက်ဘိုးဘွားများနှင့်ပြည်သူ့များအား ကျေးရွာအရောက်ကွင်းဆင်း၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်၆၅နှစ်အထက်ဘ်ိုးဘွားများကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံ​ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တွံတေးမြို့နယ် ပဒန်ရေကျော်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွားများနှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာအုပ်စုများမှကျေးရွာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထူးကြီးမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လယ်စာ အဟာရလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19(Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ်၌ ကျေးရွာ(၆၀)ရှိ သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ့၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၅၅၀)လုံးကို လူဦးရေ (၃၁၀၀)အား ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့်ပြည်သူ့၀န်ထမ်းများအား  သိုက်တူးကန်ကျေးရွာရှိ အ.ထ.က ကျောင်း၊ ပျဉ်းမကန်ကျေးရွာ (တောင်ဖီလာဘုန်းကြီးကျောင်း)၊ ကံမြင့်ကျေးရွာ ခေမာကံမြင့် (သီလရှင်ကျောင်း)နှင့် ပုလဲကျေးရွာ အ.ထ.ကကျောင်းတို့တွင် ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က လေးနေရာခွဲ၍ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်မှုဇုန်လုပ်သား(၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ စက်မှုဇုန်တွင် ယမန်နေ့ နေ့လယ် ၁၂:၃၀ နာရီ မှစတင်၍ စက်မှုဇုန်အတွင်းရှိ အလုပ်သမား (၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ပြည်သူမှ ပြည်သူသို့ လှူဒါန်းခြင်းအစီအစဉ်အဖြစ် ပရဟိတလူငယ်များနှင့် အလှူရှင်များစုပေါင်း၍ အိမ်ထောင်စု(၂၀၀၀)အတွက် ဆန်နှင့်စားသောက်ကုန်များ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များနှင့် အလှူရှင်များ စုပေါင်း၍ ပြည်သူမှ ပြည်သူသို့ လှူဒါန်းခြင်းအစီအစဉ်အဖြစ် ယနေ့ နံနက်(၈)နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီး၌  အိမ်ထောင်စု (၂၀၀၀)စုအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက်၊ ပရဟိတအသင်းများသို့ ဆန်နှင့်မီးဖိုချောင်သုံးဟင်းအမယ် များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

မတ္တရာမြို့နယ်၌ ရွှေတချောင်းမြောင်းအတွင်းသို့ ငါးမျိုးကောင်ရေ ၁၅၀၀၀၀ စိုက်ထည့်

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက် စေရေး၊ ငါးမျိုးများမပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံး နိုင်ရေးအတွက် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ မတ္တရာမြို့နယ် ရွှေတချောင်းမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ယမန်နေ့ညနေ ၇ နာရီမှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှမ်း၊ ဗမာဘာသာတို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်များကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်သြ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ  ပြည်သူသို့ အသိပေးပန်ကြားချက်များကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းကို ယနေ့တွင် ရိခေါ်ဒါရ်မြို့အတွင်း မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။
Subscribe to