ကျောက်တန်းမြို့နယ်တွင် Oxygen Plant (၁) စုံ ရောက်ရှိ မကြာမီစတင်လည်ပတ်နိုင်တော့မည်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုအပ်လျက် ရှိသော အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေရန်နှင့် အောက်ဆီဂျင်လုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရန် အတွက်အလှူရှင်မှလှူဒါန်းသော Oxygen Plant(၁)စုံအား ယမန်နေ့ နေ့လယ်ပိုင်က မြို့နယ် ပြည်သူ့ ဆေးရုံဝင်း အတွင်းရှိ အဆိုပါ Oxygen Plant ထားရှိမည့် အဆောက်အဦတွင် ထားရှိကြောင်း သိရသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ရောက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ကထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့်နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများပြန် လည်ဝင်ရောက်လာကြောင်းသိရသည်။

ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁:၃၀)အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပေါ်ရပ်ကွက်များအတွင်းတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများအား ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့်၁၂နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသိုလှောင်သည့် နေရာများကို ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့် နေရာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

ဂွမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကပြည်သူ့ဆေးရုံအတွက်လိုအပ်မည့် oxygen concentrator ၊Mask၊ ခွဲစိတ်ခန်းသုံးခေါင်းစွပ်နှင့်လက်အိတ်များအားလှူဒါန်းပေးအပ်

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် လှူဒါန်း လက်ခံရရှိ သောoxygen concentrator၊Mask၊ခွဲစိတ်ခန်းသုံးခေါင်းစွပ်နှင့် လက်အိတ်များအားယမန်နေ့ နေ့လည်ပိုင်း တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံသို့လွဲပြောင်းပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်ကလက်ခံရယူခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်၍ နေ့လယ်(၁၂)နာရီအထိ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံးရှေ့)တွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့်ကွမ်းယာဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိကို ယနေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to