ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၁၅၉) ဦးအား နွေးထွေးစွာ ကြိုဆို လက်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့်  ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာသည့်   မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၁၀၀)ဦးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅၉) ဦး၊   စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၉) ဦးတို့ကို   ယမန်နေ့နေ့လယ်က   တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။ 

ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သော ကိုဗစ်-၁၉ ရောဂါ Positive လူနာများနှင့် ဆေးရုံတက်ရောက်ကုသနေသော အခြားရောဂါသည်လူနာများအား အဆင်ပြေလွယ်ကူစွာ အောက်ဆီဂျင်ပေးနိုင်ရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သုံးခွမြို့နယ်၌ ကျေးရွာ(၆၀)ရှိ သံဃာတော်များ၊ အသက် ၆၅နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ့၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( ၁၅၅၀)လုံးကို လူဦးရေ (၃၁၀၀)အား ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့် ပြည်သူ့၀န်ထမ်းများအား သိုက်တူးကန်ကျေးရွာရှိ အ.ထ.က ကျောင်း၊ ပျဉ်းမကန်ကျေးရွာ( တောင်ဖီလာ ဘုန်းကြီးကျောင်း)၊ ကံမြင့်ကျေးရွာ ခေမာကံမြင့်(သီလရှင်ကျောင်း)နှင့် ပုလဲကျေးရွာ အ.ထ.ကကျောင်းတို့တွင် ယနေ့နံနက် ၉နာရီခွဲအချိန်က လေးနေရာခွဲ၍တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။

ကျောက်တံတားမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်၍ နေ့လယ်(၁၂)နာရီအထိ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံးရှေ့)တွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံထားသည့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပညာရေးဌာနဝန်ထမ်းများနှင့် မိသားစုဝင်များအား (ဒုတိယအကြိမ်)ကာကွယ်ဆေးကို ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က ဆက်လက် ထိုးနှံပေးခဲ့သည်။

ကော့ကရိတ်မြို့နယ်၌ လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် ဖောက်လုပ်သော (တတိယနှစ်စက်ဝန်း) မြေသာလမ်းပျက်စီးမှုအခြေအနေအား ပြန်လည်ပြုပြင်ဆောင်ရွက်ရေး ဆွေးနွေး

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုတ်ကျေးရွာအုပ်စု၊ လှိုင်စိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူထုဗဟိုပြုစီမံကိန်းရံပုံငွေဖြင့် ဖောက်လုပ်ထားသော (တတိယနှစ်စက်ဝန်း) ကျေးရွာမြေသားလမ်းပျက်စီးမှု အခြေအနေအား ပြန်လည်ပြုပြင် ဆောင်ရွက်ရေးအတွက် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် သွားရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက ကိုဗစ် - ၁၉ ကာလ ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော ပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းအား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များနေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး၊   ဆေးဝါးများ သာမန်အချိန် ရောင်းချသည့် ဈေးနှုန်းထက်ပို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ ဈေးကွက်လိုအပ်ချက်ဆေးဝါးများ သိရှိနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ဈေးများအားလုံး ယာယီပိတ်သိမ်းသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ဒေသတွင်း ပိုမိုကူးစက်မှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်မားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံမှုအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများအားလုံးကို ဩဂုတ်လ ၁၉ ရက် မှ ၂၈ ရက်အထိ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ဒုတိယအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အနေဖြင့်  လူနှစ်ထောင်နီးပါးအား ထိုးနှံပေး

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဒုတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက လူနှစ်ထောင်နီးပါးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
Subscribe to