ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင် နေကြသည့် အဖွဲ့အစည်းများအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ညောင်ရွှေ     ဩဂုတ်     ၂၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားလာသည့် အတွက် သက်ဆိုင်ရာမှ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင်ပါဝင်ကြောင်း (၁၅-၇-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ မိမိတို့ဒေသအလိုက် စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရ သည်။

ထိုသို့ စေတနာ့ဝန်ထမ်းတာဝန်များ ထမ်းဆောင်လျက်ရှိကြသည့် လူမှုရေးအသင်းအဖွဲ့များအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် အဖွဲ့(၇) ဖွဲ့ဖြင့် နေရာအရောက် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်း အထောက်အကူပြုပစ္စည်း များဖြစ်သည့် PPEဝတ်စုံများ၊ ပါးစပ်နှင့်နှာခေါင်းစည်းမျက်နှာဖုံးများ၊ မျက်နှာအကာအကွယ်ပစ္စည်း များ၊ လက်သန့်စင်ဆေးရည်များ၊ လက်အိတ်များကို ပေးအပ်ထောက်ပံ့ခဲ့ကြပြီး ဒေသတွင်းမိဘ ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် ထုတ်ပြန်ကြေညာချက်ပါ စည်းမျည်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရေးအတွက် ပညာပေးရှင်းလင်းပြောကြားမှုများ ကို ဩဂုတ်(၁၆)ရက်နေ့မှ ဩဂုတ်(၂၀)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

စိုင်းအယ်ဘဲ