ငဖဲ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံထားသည့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပညာရေးဌာနဝန်ထမ်းများနှင့် မိသားစုဝင်များအား (ဒုတိယအကြိမ်)ကာကွယ်ဆေးကို ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က ဆက်လက် ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းသူ၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သူဇာအေးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)