နတ်မောက် သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များနေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး၊ ဆေးဝါးများ သာမန်အချိန် ရောင်းချသည့် ဈေးနှုန်းထက်ပို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ ဈေးကွက်လိုအပ်ချက်ဆေးဝါးများ သိရှိနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသိန်းဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် တစ်ပတ်အတွင်း ဖြန့်ဝေရောင်းချသည့်ပမာဏထက်ပို၍ သိုလှောင်ထားခြင်း ရှိ/မရှိ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသို့ လိုက်လံကြည့်ရှု ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)