မော်လမြိုင် ဩဂုတ် ၁၈
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့်၁၂နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက အထူးအလေးနက်ထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာ နိုင်ရေးအထူးကြပ်မတ်ပေးစေလိုကြောင်း၊ ပညာပေးနှင့်အသိပညာပေး လုပ်ငန်းများတွင်ပြည်သူများ သိရှိစေရန်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားသည်။ထို့နောက် မွန်ပြည် နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာသူများက ဆောင်ရွက်ထားရှိမှုကို Online Meeting ဖြင့် ရှင်းလင်း တင်ပြချက်အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ကိုးသောင်းကျော်ကို ထိုးနှံပေး သွားပြီးဖြစ်ကာ ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပြီး ပိုးတွေ့လူနာများအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့်လိုအပ်သည့်အောက်စီဂျင်
များ လုံလောက်စွာရရှိရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရဟိတစေတနာ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)