ဖာပွန် သြဂုတ် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပေါ်ရပ်ကွက်များအတွင်းတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများအား ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လိုက်လံအသိပေးနိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါ ကွင်းဆက် ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင် သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကိုယ်ပူခြင်း၊ အနံ့ပျောက်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ပြီး မောပန်းနွမ်းနေခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ပွားပါကအိမ်တွင်ကြိတ်၍ကုသနေခြင်းမျိုးမပြုလုပ်ကြရန်၊နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးသွားပြီးဆေးကုသမှုခံယူကြပါရန်၊ကူးစက်ရောဂါ ပြန့်ပွားမှုအားအမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များအား အလေးထားလိုက်နာ ကြရန်အတွက် ရပ်ကွက်များအတွင်းအသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးတိုက်တွန်းနှိုး ဆော်ချက်များကို ကြေငြာပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)