ပလောက် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိကို ယနေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပိုမိုမြှင့်တက်လာသဖြင့် ရောဂါကူးစက်မှုနှုန်းကို ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လဖက်ရည်ဆိုင်များ နှင့် ကွမ်းယာဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
၎င်းစားသောက်ဆိုင်များနှင့်ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်- ပလောက်(ပြန်/ဆက်)