ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ရောက်လျက်ရှိ

မေတ္တာ ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့  ညနေ နာရီအချိန်ကထီးခီနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများပြန်   လည်ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူများဖြစ်ပြီး ယမန်နေ့က ထိုင်းနိုင်ငံ၊ ကန်ချနာ ဘူရီခရိုင်၊လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒု-ပြည်နယ်မှူးMr-Sucha Sannamက ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း​ မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှ  သိရသည်။

 အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား ၃၂ ဦး နှင့်အမျိုးသမီး ၃၆ဦး၊  စုစုပေါင်း ၈ဦးဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ညအိပ်ရပ်နား စေပြီး  ကိုဗစ်-၁၉ ကာကွယ်​ရေးအတွက်  ဩဂုတ်လ၁၈ရက်နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ဆက်လက် ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားမည်ဖြစ်​ကြောင်း သိရသည်။

မေတ္တာ(ပြန်/ဆက်)