ဂွမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကပြည်သူ့ဆေးရုံအတွက်လိုအပ်မည့် oxygen concentrator ၊Mask၊ ခွဲစိတ်ခန်းသုံးခေါင်းစွပ်နှင့်လက်အိတ်များအားလှူဒါန်းပေးအပ်

ဂွ        သြဂုတ်       ၁၈

   ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် လှူဒါန်း လက်ခံရရှိ သောoxygen concentrator၊Mask၊ခွဲစိတ်ခန်းသုံးခေါင်းစွပ်နှင့် လက်အိတ်များအားယမန်နေ့ နေ့လည်ပိုင်း တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံသို့လွဲပြောင်းပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်ကလက်ခံရယူခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင်oxygen. concentrator (၁)လုံး၊Maskအခု(၃၀၀၀)၊ ခွဲစိတ်ခန်းသုံးခေါင်းစွပ် အခု (၂၀၀၀)၊လက်အိတ်အခု(၁၀၀၀)တို့အားမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးဇာနည်ကျော်က မြို့နယ်ဆရာဝန်ကြီးဒေါက်တာကောင်းစံမြတ်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်း