ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်၍ နေ့လယ်(၁၂)နာရီအထိ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံးရှေ့)တွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ထိုကဲ့သို့ဦးတည်အုပ်စုအလိုက် ထိုးနှံပေးရာတွင် ရပ်ကွက်အတွင်း ဆေးထိုးရန် ကျန်ရှိနေသော အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဟိုတယ်၊ မိုတယ်ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၁၈၂)ဦး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)