ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး၊ အောက်ဆီဂျင်စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

 

ကျိုက်လတ် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နေ့လည် ၁၂နာရီက ကျိုက်လတ်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင်စက်ရုံဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်‌နှင့် တာဝန်ရှိသူတို့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြိုနယ်ဆရာဝန်ကြီးဒေါက်တာမင်သိန်းတို့မှ လက်ရှိ ကို‌ဗစ် -၁၉ကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၁၀၀)၊OxygenConcentrator(၂)လုံး၊ ငွေ(၅ )သိန်းကျပ်နှင့် ထိုးဆေးသောင်ဆေးများ ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်း‌သိန်းအောင်နှင့် မြိုနယ်ဆရာဝန်ကြီးတို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အမှတ်(၄) ရပ်ကွက်လေးအိမ်တန်းရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊မြို့မိမြို့ဖများမှ ဦးဆောင်၍ အလှူရှင်များ စုပေါင်းလှူဒါန်းဆောက်လုပ် သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေရာအား သွားရောက်ကြည့်ရှုရာတာဝန်ရှိသူတို့က စက်ရုံ တည် ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး၀န်ကြီးနှင့် အဖွဲ့သည် လှည်းဆိပ် ကျေးရွာအုပ်စုရှိ တောင်သူဦးအေးသန်း၏ စံပြစပါးစိုက်ကွက်တွင် စပ်မျိုးစပါးများ စိုက်ပျိုးထား ရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင်