ဟုမ္မလင်း သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ အထက်ပိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေ သည် ဟုမ္မလင်းမြို့၌ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။
ဟုမ္မလင်းမြို့တွင် ယနေ့ နံနက်(၆:၃၀)ချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေ သည် ဟုမ္မလင်းမြို့၌ (၂၈၁၈) စင်တီမီတာသို့ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာသို့ နောက် ၂ ရက်အတွင်း ကျော်လွန် ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်ကမ်းအနီးရှိကျေးရွာများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှူးဦးစီး ဌာနမှ အအသိပေးနိုးဆော်ထားကြောင်း သိရသည်။
ချန်လော