ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့များက ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု

ကြံခင်း    ဩဂုတ်   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုများသို့ သဘာဝဘေးအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရေလယ်ကျွန်း ကျေးရွာအုပ်စုအတွင်းရှိ တဲတန်းကျေးရွာတွင် တိရစ္ဆာန် သက်ကယ်ကုန်း ပျက်စီးမှုအခြေအနေများအားလည်းကောင်း၊ အထက်ကုန်းကျေးရွာရှိ မြစ်ကမ်းပါးမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှု အခြေအနေများအားလည်းကောင်း၊ ကျောင်းကုန်းကျေးရွာ(အ-လ-က) ကျောင်းမြစ်ကမ်းနီးကပ်မှုများအား ကြည့်ရှုပြီး တာဝန်ရှိသူ များနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် အချက်များအား ပေါင်းစပ်ညှိနှိုင်းပေးပြီး၊ ရေလယ်ကျွန်းအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရန် မြေနေရာနှင့်ရုံးဆောက်လုပ်ရန်အတွက် ငွေကျပ်(၃)သိန်းအားလှုဒါန်းပေးခဲ့ကြောင်း  သိရသည်။

ဆက်လက်ပြီး နေ့လည်ပိုင်းတွင် ထန်းတပင်ကျေးရွာအုပ်စုသို့ ရောက်ရှိပြီး ကျေးရွာ အတွင်းရှိတာဝန်ရှိသူများ၊  ရပ်မိ/ရပ်ဖများ၊  ကျေးရွာနေပြည်သူများနှင့် ထန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် တွေ့ဆုံပြီး  လက်ရှိဖြစ်ပေါ်နေသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊  ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားလာကြရန် အားလည်းကောင်း၊ မိုးတွင်းကာလ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊  နယ်မြေအေးချမ်းသာယာရေး ၊ တရားဥပဒေစိုးမိုးရေးအား လည်းကောင်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်  ပြောကြားခဲ့ကြောင်း  သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များ၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ  ဦးကိုကိုနိုင်၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး  ဒေါ်လှိုင်ပို့ပို့ဇင်နှင့် တာဝန်ရှိသူများ  ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 မြို့နယ်(ပြန်/ဆက်)