ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင် ထွက်ခွါခွင့် ကတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ဂွ         သြဂုတ်      ၁၈

 ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးထိန်းချူပ်  နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာသူများထံ နေအိမ်ပြင်ပထွက်ကတ်  ပါရှိမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းနှင့်  ညနေပိုင်းများတွင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းရေးအဖွဲ့များသည် မီးပွိုင့်လမ်းဆုံ၊ အောင်မင်္ဂလာခန်းမနှင့် ရွာမစျေးလမ်းမထိပ် စသည့််ပြည်သူများသွားလာမှု များသည့်‌နေရာများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက်  ပြည်သူများ  နေအိမ်ပြင်ပသို့ အကြောင်းမဲ့ထွက်ခွာမှု မရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက Maskတပ်ဆင်ရန်၊ ကျန်းမာရေးကိစ္စမှအပ အကြောင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန် ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ ပြင်ပထွက်ခွင့်ကတ်ပြားအား ယူဆောင်လာရန်၊ နေအိမ်ပြင်ပသို့ထွက်ခွါရာတွင် ပြင်ပထွက်ခွင့်ကတ်ပြား ကိုင်ဆောင်ထားမှုရှိ/မရှိ စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်