ကျောက်တံခါး သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုများပြား လာခြင်းကြောင့် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေငြာခဲ့၍ ပြည်သူများကိုဗစ်-၁၉ ရောဂါဘေးမှကင်းဝေးစေရန်အတွက် နေအိမ်အတွင်းနေထိုင်ကြရန် မဖြစ်မနေစျေးဝယ် ထွက်ပါ က တစ်အိမ်တစ်ယောက်သာ သွားလာရန်နှင့် ဆေးရုံဆေးခန်းသွားလိုပါက တစ်အိမ်နှစ်ယောက် သာ သွားခွင့်ပြု၍ အကြောင်းမဲ့နေအိမ်ပြင်ပ သွားလာသူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့်ညွှန်ကြားချက်များအား ပြည်သူ များမှ အလေးထားလိုက်နာဆောင်ရွက်ကြစေရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေငြာထားသော်လည်း ပြည်သူများမှ လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းကရန်ကုန်-
မန္တလေးကားလမ်းဟောင်းနှင့် မြို့တွင်းလမ်းများတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာယီမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမျိုးမင်းဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အတွင်းသွားလာနေသူများအား နေအိမ်ပြင်ပသို့ မထွက်ခွာစေရေးနှင့် နှာခေါင်းစည်း (Mask) စနစ်တကျ မတပ်ဆင်သူများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းစန်း