မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ အလှူရှင်များမှ လူ နာတင်ယာဉ်များ လှူဒါန်း

 

မြောက်ဥက္ကလာပ ဩဂုတ် ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့် ရှောက်ရေးအသင်းသို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် Dead Body များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ လူနာတင်ယာဉ်များကို ယနေ့ နံနက် ၉နာရီက  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော ဦးစိုးတင့်၊ ဒေါ်အေးအေးကြည်( အလင်းရောင် ဆေးတိုက်) မိသားစုမှ သိန်း(၈၀)တန်ဖိုးရှိ လူနာတင်ယာဉ် (၁)စီး၊ မုံရွာဆရာမိုး၏ သား ဗိုလ်မှူးကျော်ကိုကိုရှိန်း၊ ဒေါ်မိုးပြည့်ပြည့်ဖြိုး မိသားစုမှ သိန်း(၈၀)တန်ဖိုးရှိ လူနာတင်ယာဉ် (၁)စီး၊ ဦးခင်မောင်လတ်၊ ဒေါ်ညို (အထည်ဆိုင်)မိသားစုမှ ငွေကျပ်(၈၅)သိန်း တန်ဖိုးရှိDead Body သီးသန့်တင်ယာဉ်(၁)စီး လှူဒါန်းရာစေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးမောင်ဌေးက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။

 

အဆိုပါအသင်းအနေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍" ကျွန်တော်တို့ အသင်းအနေနဲ့ ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူများကို သက်ဆိုင်ရာ Quarantine centre များသို့ ပို့ဆောင်ပေးခြင်း၊ ရောဂါ​တွေ့ရှိပါက ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းနှင့် ပျောက်ကင်း ပါက သွားရောက်ခေါ်ယူ၍ အိမ်အရောက်ပို့ဆောင်ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သူများ၏ Dead Body များကို အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်"ဟု စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးမောင်ဌေး ၏ ပြောကြားချက်များကို သိရှိရသည်။

မြမြဝင်း