ဖျာပုံမြို့နယ်တွင် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းအသိပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီများ နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ကြိုတင်၍ ကွင်းဆင်းအသိ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က၊ ဖျာပုံမြို့ မြို့မစျေးကြီးတွင် စားသုံးဆီအရောင်းဆိုင်များအား လိုက်လံကွင်းဆင်းအသိ ပညာပေးဆောင်ရွက်ကြသည်။