ကျိုက္ကသာကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်း

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျိုက္ကသာကျေးရွာ နယ်မြေ မီးသတ်တပ်ဖွဲ့စခန်း၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ် အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ် အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ သက်မင်းဟန် - ဒဂုံမြို့သစ်တောင်ပိုင်း ပြန်/ဆက်

မိုးညိုမြို့နယ်တွင် အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် လူမှုကွန်ရက်များ၌ လှုံ့ဆော်မှုများအား အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေး ကြေညာခြင်းကို ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

ကရသူရိမြို့တွင် အစိုးရ၏သတင်းထုတ်ပြန်အား ပြည်သူများ သိရှိနိုင်ရေး အသိပေးစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Silent Strike (အသံတိတ်သပိတ်)၌ ဈေးဆိုင်များ ပါဝင်မှုမရှိစေရေးနှင့် ပုံမှန်ရောင်းချရေးအသိပေးစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေး တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်များအား ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ် မင်းရပ် ရပ်ကွက် ပဲကြီးစိုက်တောင်သူနှင့် စားသုံးသူ​ရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ တွေ့ဆုံမေး​မြန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက် ပဲကြီးစိုက် တောင်သူနှင့် ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း​အေးက ကွင်းဆင်း၍ တွေ့ဆုံမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် လှုံ့ဆော်မှုများ ပါဝင်ပတ်သက်မှုမရှိစေရန် နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန် လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် လှုံ့ဆော်မှုများ ပါဝင်ပတ်သက်မှုမရှိစေရန် နှိုးဆော်မှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ယနေ့နံနက်(၁၁)နာရီအချိန်တွင် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်တွင် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံ ရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to