မအူပင်မြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့မဈေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူ သိရှိစေရန် အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူသိရှိစေရန် အသိပညာပေးနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင်  ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ရပ်ကွက်/ကျေးရွာများအတွင်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံတူပန်းချီ၊ စစ်တုရင်၊ ခါးကွင်းလှည့်ပြိုင်ပွဲများ ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံတူပန်းချီ၊ စစ်တုရင်နှင့် ခါးကွင်းလှည့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

သာယာဝတီမြို့တွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လှည်းလမ်းကူးအုပ်စု၊ ကိုးပင်ရိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြောင်းသိရသည်။

ဝက်လက်မြို့ ၌ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်းပညာ သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယမန်နေ့က ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်ပညာသင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းရှိ နေအိမ်များမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို အမာမြို့၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကံမမြို့ အမှတ်(၂)ရပ်ကွက် ခန်းမရုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက်ရှိ ချို့ယွင်းပျက်စီးနေသော ခန်းမရုံလမ်းအား လမ်းသွားလမ်းလာ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

သီပေါမြို့နယ်တွင် အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူများ သိရှိစေရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများ လိုက်ပါဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က လူစည်ကားသည့် မြို့မဈေး၊ ဝက်ဝံယာယီပျံကျဈေးနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ အများပြည်သူများသိရှိစေရန်  သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်မြို့နယ်တွင် လူမှုကွန်ရက်များနှင့် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
Subscribe to