တောင်ငူ ဇန်နဝါရီလ ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများ သိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့က ညနေ ၅ နာရီအချိန်မှစ၍ အသိပေးနှိုးဆော်ခြင်းနှင့် အသိပေးထုတ်ပြန်ချက် စာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ နှိုးဆော်အသိပေးထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ် စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော် မှုများလူမှု ကွန်ရက် များ၌ ပျံ့နှံ့နေသည်ကိုတွေ့ရှိရပါသည်။
အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်း များ ပါဝင်ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်