နတ်တလင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လည် ၂နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ယမန်နေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)