ဘုတ်ပြင်း ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ် စခန်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာ စသည့် နာ(၅)နာ အရင်းခံပြီး ပြည်သူတို့၏ အသက်အိုးစည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်း အနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်နှင့်သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံး ရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်သွားကြရန် ၊ ယခုသင်တန်း မှ သင်ကြားပေးသည့် သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ဆောင်ရွက် သွား ကြရန် မီးသတ်သမားတစ်ယောက်ရဲ့ စိတ်ဓာတ်ဖြစ်တဲ့ မီးမလောင်စေချင်တဲ့စိတ်၊ လောင်နေတဲ့မီးကို အမြန်ငြိမ်းစေလိုတဲ့စိတ်ကို အစဉ်မွေးမြူသွားကြရန် စသည့်များကို ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စံပြထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆု၊ မီးသတ်ပညာထူးချွန်းဆုနှင့် သင်တန်းဆင်းလက်မှတ်များကို မြိုန့ယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)