တန့်ယန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသိရှိစေရန် အသိပေးထုတ်ပြန်ချက်များနှိုးဆော်

တန့်ယန်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများ သိရှိစေရန်အတွက် အသိပေး ထုတ်ပြန်ချက်များအား နှိုးဆော်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှဝန်ထမ်းများ ပူးပေါင်းကာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးထုတ်ပြန်ချက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန်ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါဆောင်ရွက်ခြင်းနှင့် ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီဆောင်ရွက်ခြင်းများကို မပြုလုပ်ကြပါရန်နှင့် ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)

မင်းလွင်ဦး - ဓါတ်ပုံကျွမ်းကျင်(၂)

တန့်ယန်းမြို့(ပြန်/ဆက်)