ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း Silent Strike(အသံတိတ်သပိတ်)၌ ဆိုင်များပါဝင်မှုမရှိရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ကြီးမဏ္ဍိုင်     ဇန်နဝါရီ     ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်မာ ဆိုင်နှင့် ကွမ်းယာဆိုင်များအား  Silent Strike (အသံတိတ်သပိတ်)၌ ပါဝင်မှုမရှိစေရေးအတွက် ယနေ့နံနက် (၉)နာရီ အချိန်က အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး  ဦးသိန်းမင်းထိုက် ဦးဆောင်၍ ဝန်ထမ်းများ၊ နယ်မြေရဲစခန်း၊ ရဲစခန်းမှူး ရဲအုပ်တင်အောင်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံ ဦးနေလင်း အောင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် ပြည်သူ့စစ်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်မာဆိုင်နှင့် ကွမ်းယာဆိုင်များ အား ပုံမှန်အတိုင်းဖွင့်လှစ်သွားရန် အကြောင်းမဲ့ဆိုင်ပိတ်မှုများမပြုလုပ်ရန်၊ Silent Strike (အသံတိတ်သပိတ်)တွင် ပါဝင်ဆောင်ရွက်ပါက ဉပဒေအရ ထိရောက်စွာအရေးယူခံရ မည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဆိုင်ပိုင်ရှင် များထံသို့ လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြကြောင်းနှင့် သိရှိပြီးကြောင်း လက်မှတ်ရေးထိုးစေခြင်းပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကေခိုင်ဝင်း(မဏ္ဍိုင်၊ပြန်/ဆက်)