ဖျာပုံမြို့နယ်တွင် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းအသိပေး

ဖျာပုံ   ဇန်နဝါရီ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီများ နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ကြိုတင်၍ ကွင်းဆင်းအသိ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က၊ ဖျာပုံမြို့ မြို့မစျေးကြီးတွင် စားသုံးဆီအရောင်းဆိုင်များအား လိုက်လံကွင်းဆင်းအသိ ပညာပေးဆောင်ရွက်ကြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ကွင်းဆင်း၍ ကြိုတင်အသိပေးရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီး မှူး ဦးထွေးသိမ်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil. Cooking. Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များဖြစ်သော၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာ သာနှင့်အခြားဘာသာတစ်ခု၊ သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းစသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ စျေးကွက်အတွင်း ကွင်းဆင်း၍ စျေးဆိုင်များအား လိုက်လံအသိပေးဆောင်ရွက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)