ကျောက်ဆည်မြို့ (အ.ထ.က-၁)တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ခရိုင် အထက်တန်းအဆင့် စာစီစာကုံ၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ      

ကျောက်ဆည်   ဇန်နဝါရီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်တွင် ယနေ့နံနက်ပိုင်းက  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ခရိုင်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်ပေး အကဲဖြတ်ဒိုင်(အဖွဲ့ဝင်) မြစ်သားမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲများတွင် ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားမြို့နယ်များမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၃)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ပထမအဆင့်ရရှိသူများအား ဖေဖော်ဝါရီ(၇)ရက်၊ (၈)ရက်၊ (၉) ရက်နေ့များတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)