လှိုင်းဘွဲမြို့နယ် မရမ်းအူကွင်းဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက ရဟန်း/ သံဃာများအတွက် ဆွမ်းဆန်/ဆီ/လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မရမ်းအူကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေါက်တော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။

တံတားဦးမြို့နယ်တွင် အစိုးရ၏ သတိပေးထုတ်ပြန်ချက်များ ပြည်သူများ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် ယမန်နေ့ည(၇)နာရီက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် ဆဌမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ဆဌမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာစေရေး ဌာနဆိုင်ရာများနှင့်ဈေးကော်မတီဝင်များအားတွေ့ဆုံဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ဌာနဆိုင်ရာများနှင့် ဈေးကော်မတီ  အဖွဲ့ဝင်များအား  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသောသတင်းထုတ်ပြန်ချက်များအား သိရှိနိုင်ရန်ချပြဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အစိုးရသတင်းထုတ်ပြန်ချက်အား စက်ရုံ/အလုပ်ရုံများ သိရှိနိုင်စေရေး တွေ့ဆုံစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွ တိတ်ဆိတ်ငြိမ်သက်မှု (Silence Strike) မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အစည်း အဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်တွေ၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပသည်။

ကျောက်မြောင်း မြို့နယ်တွင် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူ နည်းပညာပေး သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် မလားကျေးရွာတွင် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း ကျောက်မြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Subscribe to