မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မိုင်းလုံမြို့ အောက်ရပ်ကွက်တွင် သွား‌ရောက် ငှားရမ်း ပေးခဲ့သည်။

ကလိန်အောင်မြို့တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အား အများပြည်သူသိရှိစေရန် အသိ‌ပေးစာစောင်များ ဖြန့်ဝေ

ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထား သည့် CRPH၊ NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ် သပိတ်တွင် ပြည်သူများလိုက်ပါ ဆောင်ရွက်ခြင်းမရှိစေရေး အသိပေးစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၈  နာရီခွဲက ကလိန်အောင်မြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေးလက်ကမ်းစာများဖြန့်ဝေ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်၍ ‌ဒေသခံ ပြည်သူများ ပါဝင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီလ (၂၈) ရက်၊ နံနက်(၁၀)နာရီက မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားသည့်နေရာများတွင် သွားရောက် ဖြန့်ဝေခဲ့ကြသည်။

ကျောက်တံတားမြို့နယ်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းမီးများလဲလှယ်တပ်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ဆူးလေ ဘုရားလမ်းရှိ လမ်းမီးတိုင်မီးသီးများအား လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) အတွင်း၌ လာမည့်ဖေဖော်ဝါရီ ၁ ရက် နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

ကျိုက်လတ်မြို့နယ်၌ ငလျှင်ဘေး အန္တရာယ်နှင့်အခြားဘေးအန္တရာယ်များကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငလျှင်ဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာမင်းဦးဆောင်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့‌ဆေးရုံတွင် ငလျှင်ဘေးအန္တရာယ်နှင့် အခြား ဘေးအန္တရာယ်များကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငလျင်သဘာဝဘေးဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇတ်တိုက်လေ့ကျင့်သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ထွန်းက ဦးဆောင်၍ ငလျင်သဘာဝဘေးဖြစ်ပွားလာပါက မီးဘေးအန္တရာယ်နှင့် အခြားသော ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ယနေ့နံနက် ၇:၃၀ နာရီတွင်  ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် အများပြည်သူများသိရှိနိုင်ရန် အသိပေးထုတ်ပြန်ချက်များနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် Silent Strike (အသံတိတ် သပိတ်)နှင့် ပတ်သက်၍ အများပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို  ယနေ့  နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွားများအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အကြမ်းဖက် အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးကွင်းသစ်ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးကွင်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ကျင်းပခဲ့ပြီး ပွဲဦးထွက်အနေဖြင့် တရုံကျေးရွာ အသင်းနှင့် လဂျားဘွမ်ကျေးရွာ အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့သည်။
Subscribe to