ပင်းတယမြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ပင်းတယ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီ  ၂၇ ရက်နေ့ နံနက်(၁၀)နာရီ အချိန်မှ စတင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပေးဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်၊ စည်ပင်သာယာရေးဌာနအမူဆောင် အရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေး၊ ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသည် ဆိုင်ခန်းများ၊ လက််ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ စသည်တို့အား ဇန်နဝါရီ ၂၆ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ဈေးတာဝန်ခံများနှင့်အတူ အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)