မာန်အောင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မာန်အောင် ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-ခုနှစ် ၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်း အဆင့်တွင် ကျား(၄) ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၁၂)ဦးက``ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ် မွေးကြစို့´´ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၁)ဦး က``နိုင်ငံတော်တည်တံ့ ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်´ ´ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)