ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ

ပန်းတနော်   ဇန်နဝါရီ    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက MAX စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၆)ဦးတို့သည် ပန်းတနော်မြို့ မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ MAX စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်းများအား မီးဘေးလုံခြုံ ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဆီမီးလောင်မှုများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ မီးငြှိမ်းသတ်နိုင်စေ ရေးနှင့်မီးသတ်ဆေးဗူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်နိုင်စေရန်တို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)