ကော့မှူး ဇန်နဝါရီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်းသိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူ များအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ၏ အရေးပါမှုများကို အကျယ်တဝင့် ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အိမ်ထောင်စုစာရင်းရှိ၍ ကိုင်ဆောင်လက်မှတ် မရှိသေးသော အသက်(၁၀)နှစ်အထက် ကျောင်းသားကျား (၁၅)ဦး၊ မ(၁၅)ဦး စုစုပေါင်း(၃၀)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပန်းခင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဇန်နဝါရီ ၂၅ ရက် နေ့မှ စတင်၍ လာဝတီကျေးရွာ အခြေခံမှုလတန်းလွန်ကျောင်းမှ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူ ကျား(၄)ဦး၊ မ(၆)ဦး၊ မှော်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျား(၃၁)ဦး၊ မ(၂၁)ဦး၊ ရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျား(၁၅)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း ကျား(၅၀)ဦး၊ မ(၄၂)ဦး တို့အား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြ ကြောင်းသိရသည်။
ကျော်သူရ ကော့မှူး