ဖျာပုံ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြောက်ပိုင်း ကျုံတာကျေးရွာအုပ်စုတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း(w) ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ နေ့စဉ်ကျင်းပ ကြကြောင်း သိရသည်။
အဆိုပါ(w) ဂိုးကျဉ်းဘောလုံးပြိုင်ပွဲသို့ ကျုံတာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နှင့် ကျေးရွာဘောလုံး ကြီးကြပ်ရေး ကော်မတီတို့မှ ဦးဆောင်၍ ဖျာပုံမြို့မြောက်ပိုင်း ကျေးရွာများဖြစ်ကြသော ကျုံတာ၊ ကျုံကျိုက်၊ ဂျိုဝါကျောက်ရဲ၊ ချောင်းတွင်းကျေးရွာ နှင့် ကျိုက်လတ်မြို့နယ်မှ ကလပ်ရပ်၊ တမော့ဝ၊ အောက်ဒေါင့်ကြီး မှော်ဝန်းစုကျေးရွာအုပ်စုတို့မှ ပြိုင်ပွဲဝင်အသင်း (၂၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကိုအုပ်စုပတ်လည်အဖြစ် နံနက်ပိုင်း (၈)နာရီမှ ညနေ (၃)နာရီအချိန်အထိ (၄)သင်းတစ်အုပ်စုစီ နေ့/ညခွဲပြီး ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ကျုံတာကျေးရွာအုပ်စု၊ ဘောလုံးပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
အောင်ဝင်းနိုင်