နတ်မောက်မြို့နယ်တွင် ပြည်သူများသိရှိလိုက်နာစေရန် သတင်းထုတ်ပြန်ချက်များ အသိပညာပေးနှိုးဆော်

နတ်မောက်    ဇန်နဝါရီ     ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် SilentStrike(အသံတိတ် သပိတ်)နှင့် ပတ်သက်၍ အများပြည်သူများ သိရှိစေရေး အသိပေး ထုတ်ပြန်ချက်များကို  ယမန်နေ့  ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွားများအတွင်း အသိပေးနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို ကြောက်ရွံ့ ထိတ်လန့်မှုများ  ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး       Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊  သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံတိတ် သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံနှံ့နေသည်ကို တွေ့ရှိရသည်။

အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောက်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ် လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်း ခံရနိုင်ပြီးပြစ်မှု ထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော် ထားကြောင်း သိရသည်။

သင်းသင်းမြတ်