သထုံမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူအချို့၏ ရင်တွင်း စကားသံများ

သထုံ       ဇန်နဝါရီ        ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများအား ဆဌမအသုတ်၊ ပထမအကြိမ်အဖြစ် (COVISHIELD) ထိုးနှံပေးခြင်းနှင့် ပဉ္စမအသုတ်၊ ဒုတိယအကြိမ်အဖြစ် (Sinopharm)ထိုးနှံပေးခြင်းတို့ကို ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ ဆေးထိုးစုရပ်များဖွင့်လှစ်ပြီး စဉ်ဆက်မပြတ် ထိုးနှံပေး လျက်ရှိရာ လာရောက်ထိုးနှံသူအချို့၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြား သိရသည်။

နော်ထူးဖော (၁၉)နှစ်၊ ဆင်ဖြူကျွန်းကျေးရွာ

သမီးက ဒါ ပထမဆုံးအကြိမ် လာထိုးတာပါ၊ ထိုးချင်နေတာတော့ကြာပါပြီ။ ဘာကြောင့် မထိုးဖြစ်ဘဲကြာနေလဲဆိုတော့ အချို့လူတွေက အရပ်ထဲမှာ လိုင်းပေါ်မှာ ဟိုပြောဒီပြောပေါ့နော် ဆေးထိုးပြီးရင်မူးတယ်၊ နေမကောင်းဖြစ်တယ် ဘာညာအစုံကြား နေရတော့ ကြောက်တာပေါ့၊ အသိတွေထဲက ဆေးထိုးထားပြီးတဲ့ လူတွေဆီမှာ သေချာစုံစမ်းကြည့်မှ ကောင်းတယ် အဆင်ပြေတယ်ဆိုတာ သိရတော့ စိတ်ချလက်ချ လာပြီး ထိုးရဲသွားတာ၊ ဒီဆေးထိုးပြီးရင် လူအများကြားထဲသွားလာရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့၊ အခုဆို ဗီဇပြောင်း အိုမီခရွန် ရောဂါတွေ ကြားနေရတော့ ပိုကြောက်လာတယ်၊ ကာကွယ်ဆေးမထိုးရသေးသူတွေကို လာထိုးဖို့ ပြောချင်ပါတယ်၊ ဒီမှာ ဆေးလာထိုးရတာ အစစအကုန် အဆင်ပြေပါတယ်၊ ကူညီပြီး ဆောင်ရွက်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းဆက်ပိုင် (၂၁)နှစ်၊ လိပ်အင်းရပ်ကွက်

ဘာကြောင့် လာထိုးဖြစ်လည်းဆိုတော့ ကျွန်တော် အလုပ်လိုချင်လို့ လိုက်လျှောက်တဲ့ အခါမှာ အားလုံးလိုလိုက ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့သူကိုဘဲ ဦးစားပေးခန့်တာ များတယ်ဗျ၊ ဒါကြောင့် လာထိုးလိုက်တာ ကျွန်တော် ဒါနဲ့ပါဆို နှစ်ကြိမ်ပြည့်သွားပြီ၊ ထိုးပြီးပြီဆိုတော့ ပျော်ရတာပေါ့ဗျာ၊ မထိုးရသေးခင်ကတော့ စိုးရိမ်စိတ် ကြောက်စိတ်တော့ ဖြစ်မိပါတယ်၊ ဒီမှာကိုယ်တိုင် လာထိုးတော့မှ ကိုယ့်ထက် ကြီးသူ ငယ်သူတွေ ကိုယ်၀န်ဆောင်တွေ နို့တိုက်မိခင်တွေ အများကြီး လာထိုးနေကြတာ တွေ့ရတော့ ဆေးအပေါ် အပြည့်အဝ ယုံကြည်လာတယ်၊ ကာကွယ်ဆေးမထိုးနှံရသူတွေလဲ လာရောက် ထိုးနှံစေလိုပါတယ်၊ ဆေးထိုးပြီးတဲ့ သူများလေလေ ပိုပြီးကာကွယ်နိုင်လေလေဆိုတော့ လာထိုးကြဖို့ တိုက်တွန်းချင်တယ်၊ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါကျတော့ ကိုဗစ်နဲ့ ပတ်သတ်ပြီး စိတ်ထဲ အေးချမ်းလုံခြုံသွားသလို ခံစားမိတယ်၊ လိုချင်တဲ့ အလုပ်အတွက်လည်း အားတက်ရတာတော့ စိတ်ချမ်းသာပြီး ပျော်ရွှင်ရတာပေါ့၊ ဒီမှာ ဆေးထိုးဖို့အတွက် အစစအရာရာ ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာ၀န်ရှိသူတွေကို အထူးကျေးဇူးတင် ပါတယ်။

ခရိုင်(ပြန်/ဆက်)