မြောက်ဦး ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှု များကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့အဝင် ငွေတောင်ပေါက် တံတားအနီး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ကာ ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီးတွင် သွားလာနေကြသော ကုန်တင်ကားမောင်း နှင်သူများ၊ ခရီးသည် မော်တော် ယာဉ်မောင်းနှင်သူများ၊ သုံးဘီးဆိုင်ကယ်၊ နှစ်ဘီးဆိုင်ကယ်နှင့် ထွေလာဂျီမောင်း နှင်သူတို့အား ယဉ်တိုက်မှု အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်တိုက်မှု အန္တရာယ် လုံးဝပ ပျောက်ရေး၊ ယာဉ်မောင်း များအနေဖြင့် လေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့နယ်တပ်ရဲ တပ်ဖွဲ့မှ ထုတ်ဝေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းစာစောင်တွင် ပါရှိသော ယာဉ်မောင်း နှင်သူများ လိုက်နာရန် စည်းကမ်းချက်များ၊ အမြန်နှုန်းကန့်ကတ်ချက်၊ ကျော်တက်ရန်၊ ကျော်မတက်ရ၊ ဂငယ်ကွေ့များ အန္တရာယ်ဖြစ်နိုင်သည့်အတွက် သတိထားကြရန် အသိပညာပေး ဖော်ပြပါရှိသော လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)