မချမ်းဘော့ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ရိုက်ကူးခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများကို အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါကစားနိုင်ရန် သရုပ်ပြကစားခြင်းဖြစ်ပြီး online မှတစ်ဆင့် အတူလိုက်ပါ ကစားနိုင်စေရန် မချမ်းဘော့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Physical Fitness Dance အဖွဲ့က သရုပ်ပြတင်ဆက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)