မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသောက်ပေါက်များ စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ ကမ်းနားလမ်း ညောင်ကိုးပင် ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကိုနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့မှ ငါးသားပေါက် များအား စိုက်ထည့်ခဲ့ပြီးနောက် အခမ်းအနားကို တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ငါးသား ပေါက်များ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးသားပေါက်များ စိုက်ထည့်ပွဲအခမ်းအနားကို ငါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂)သိန်းခွဲ၊ ငါးခုံးမ သားပေါက်ကောင်ရေး (၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သိန်းအား စိုက်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)